သင်ကအရင်ထိပ်ထားမင်းသမီးလေးတပါးဖြစ်ရင်ဖြစ်မယ်
ဒါပေမဲ့ သင်ရွေးချယ်လိုက်တဲ့ အချစ်တခု၊အိမ်ထောင်ဖက်တယောက်ကြောင့်
သင်ရဲ့ဘဝဟာ ထိပ်ထားလေးဘဝကနေ
ပျောက်ဆုံးသွားရတယ်
သင်ဟာထိပ်ထားလေးတပါးမဟုတ်ဖူး
… ဒါပေမဲ့သင်ရွေးချယ်လိုက်တဲ့ အချစ်တခု ၊ အိမ်ထောင်ဖက်တယောက်ကြောင့်သင်ဟာ တချိန်ထိပ်ထားလေးတပါးဖြစ်သွားတယ်လေ
မိန်းခလေးတယောက်အတွက်
ချစ်သူတယောက်ထားရတာ
အိမ်ထောင်ပြုရတာဟာ ဘာနဲ့တူလဲဆိုတော့
အချစ်တခုကိုအရင်းပြုပြီး ဘဝတခုလုံးကိုအလောင်းအစား
လုပ်ရတာနဲ့တူတယ် ။
သူဟာဘယ်လိုပဲထူးချွန် ဘယ်လိုပဲ
အောင်မြင်နေပါစေ သူ့ရဲ့အိမ်ထောင်ဖက်ဟာ သူ့ကိုရောင်ပြန်ဟပ်စေတယ်လေ
တခါတလေကျတော့လည်း
အချစ်တခုတည်းကိုးကွယ်ပြီးတော့
ဘဝတခုလုံးကိုမျက်နှာလွှဲထားဖို့ဆိုတာ သိပ်ပြီးတော့တော့လွယ်ကူတဲ့ အလုပ်တခုမဟုတ်ဖူး
စွန့်စားချင်း
အချစ်တခုကိုပုံပြီး
သင့်ရဲ့ဘဝထဲကို
သူမက
ခြေစုံပစ်ဝင်လိုက်တယ်~~
မီးပုံနင်းမိမလား
ပန်းမွေ့ယာပေါ်
အိပ်မိမလားဆိုတာကတော့
သင့်အပေါ်
မူတည်တယ်လေ~~